ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးပညာဌာန

အပူချိန်မြင့်မားလာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့် ရေထု၊လေထုညစ်ညမ်းလာခြင်း တို့သည် တစ်ကမ္ဘာလုံးရင်ဆိုင်နေကြရသည့် ကမ္ဘာ့ပြဿနာတစ်ရပ်ဖြစ်သော်လည်း နိုင်င့တစ်နိုင်ငံချင်းစီမှာ ပတ်ဝန်းကျင်ထိခိုက်စေမှုများကို လျော့ချရန် တာဝန်ရှိပါသည်။ နိုင်ငံတိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ ခိုင်မာသော မူဝါဒများချမှတ်ဆောင်ရွက်ကြရန် အလွန်အရေးကြီးပါသည်။ မူဝါဒပိုင်းဆိုင်ရာခိုင်မာမှသာလျှင် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။ မူဝါဒဆိုင်ရာများ ချမှတ်ရာတွင် လူသားများ၏ လူမှုစီးပွားအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာခြင်းသည် လူသားများ၏ ပရောဂများသည်အဓိကဖြစ်ပါသည်။ လူသားများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ နိုးကြားမှုအသိ၊ ပတ်ဝန်းကျင်နှင့် သယံဇာတများစနစ်တကျသုံးစွဲခြင်း အသိများ၊ လူမှုစီးပွားအခြေအနေများနှင့်ပတ်ဝင်ကျင်ထိခိုက်မှုကို လျော့နည်းစေမည် မူဝါဒများ ဖော်ဆောင်ရန် လိုအပ်ပါသည်။ ချမှတ်ပြီးသည် မူဝါဒများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စနစ်တကျ စီမံခန့်ခွဲရန်လဲ လိုအပ်ပါသည်။ အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများရေးဆွဲခြင်း၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်သော လူမှုစီးပွားအခြေအနေများကို ဆန်းစစ်ခြင်း၊ အသိပညာပေးခြင်း၊ လက်တွေ့အကောင်အထည်ဖော် ရာတွင် လိုအပ်သည့်လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကို ဤဌာနမှ သီအိုရီများကို အခြေခံလျက် စာတွေ့လက်တွေ့များကို သင်ကြားပို့ချပေးလျက်ရှိပါသည်။